နတ်စင်ရွာ၊ ရမည်းသင်းမြို့နယ်
နတ်စဉ်ရပ်ကွက် သည် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၂၇၁၃ ဖြစ်သည်။ နတ်စဉ်ရပ်ကွက် သည် ယခင် သိမ်ကုန်းအုပ်စု၏ နတ်စဉ်ရွာခွဲ(ခေါ်)သိမ်ကုန်းအရှေ့ရွာ ဖြစ်ပြီး ယခုအခါ ဖဆပလအစိုးရခေတ် တွင် သိမ်ကုန်းတိုက်နယ် ပြန်လည်ဖွဲ့စည်းရာ၌ သိမ်ကုန်းအုပ်စုတွင် နတ်စဉ်(၁)ရပ်ကွက်၊နတ်စဉ်(၂) ရပ်ကွက်၊ဥယျာဉ်ရပ်ကွက်၊ဇီးတောရပ်ကွက် စသည် (၄)ရပ်ကွက်အဖြစ် ပြောင်းလည်းဖွဲ့စည်းခဲ့သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ သိမ်ကုန်းကျေးရွာအုပ်စုတွင် ကျား ၃၅၀၁ ဦး၊ မ ၃၈၆၄ ဦး၊ လူဦးရေ စုစုပေါင်း ၇၃၆၅ ဦးနေထိုင်သည်။
Read article